
Google
Chrome Browser ဆိုတာကလည်း သုံးဖူးတဲ့သူငယ်ချင်းများ သိတဲ့အတိုင်း .. Mozilla Firefox နဲ့ ယှဉ်လိုက်ရင် တော်တော်ကို မြန်တဲ့
ဘရောက်ဇာလေးပါ .. Mozilla က Loading တော်တော်လုပ်ယူနေရတဲ့ Page မျိုးတောင် Chrome က
အပျိုရည်မပျက်ပဲ ဆွဲတင်ပေးနိုင်တာ တွေ့ရပါတယ် ..
ဒါပေမယ့်
.. Google Chrome Browser နဲ့ပတ်သက်တဲ့ အများဆုံးတွေ့ရတဲ့ ပြဿနာကတော့ မြန်မာစာ အဆင်ပြေအောင်
လုပ်တဲ့နေရာမှာ တစ်ချို့တွေအတွက် တော်တော်လေးခက်ခဲနေတဲ့ အချက်ပါပဲ ..
ဒီပြဿနာကို
ဖြေရှင်းဖို့ နည်းလမ်းတွေ အများကြီးရှိတဲ့ထဲက ဘာ Add Ons မှလည်း မလို .. ဘာ
Settings မှလည်း မလိုတဲ့နည်းလေးကို သူငယ်ချင်းတို့ကို မျှဝေပေးလိုက်ပါတယ် .. တစ်ဆင့်ချင်းကို
ပုံတွေနဲ့ အသေးစိပ်ပြထားပါတယ် .. ပုံတွေဝါးနေရင် သေးနေရင် ပုံပေါ်ကို မောက်လေးတင်လိုက်ပါ
.. အဆင်ပြေသွားပါလိမ့်မယ် ..
ကဲ .. ပထမဆုံး
Control Panel ကိုသွားပြီး Folder Options ကိုနှိပ်ပါ ..

ပွင့်လာတဲ့ထဲက
View ကိုနှိပ်ပြီး .. Show hidden files, folders and drives ရဲ့ရှေ့မှာ ကလစ်ပေးပြီး
အမှတ်တပ်လိုက်ပါ .. ပြီးရင် Apply နှိပ် .. Ok နှိပ် ... တစ်ဆင့်ပြီးပါပြီ

နောက်တစ်ဆင့်ကတော့
Partition C ကို ဖွင့်ပါ .. ပွင့်လာတဲ့ထဲက Users ဆိုတဲ့ ဖိုလ်ဒါကို ထပ်ဖွင့်ပါ


ပွင့်လာတဲ့ထဲက
ကိုယ်နံမည်နဲ့ ဖိုလ်ဒါကိုဖွင့်ပါ .. (ကျွန်တော့်အတွက်ဆိုတော့ It Motesoe ဆိုတဲ့ဖိုလ်ဒါကို
ဖွင့်လိုက်ပါတယ်)

ပွင့်လာတဲ့ထဲက
AppData ဆိုတဲ့ ဖိုလ်ဒါကို ဖွင့်လိုက်ပါ ..

နောက်ထပ်
ပွင့်လာတဲ့ထဲက Local ဆိုတဲ့ဖိုလ်ဒါကို ထပ်ဖွင့်လိုက်ပါ

ပွင့်လာတဲ့ထဲက
Google ဆိုတဲ့ဖိုလ်ဒါကိုထပ်ဖွင့်လိုက်ပါ ..


နောက်ထပ်
Chrome ဆိုတဲ့ဖိုလ်ဒါကိုဖွင့်ပါ ..

ပွင့်လာတဲ့ထဲက
User Data ဆိုတဲ့ဖိုလ်ဒါကိုဖွင့်ပါ ..


နောက်ထပ်
Default ဆိုတဲ့ဖိုလ်ဒါကို ဖွင့်ပါ ..

ပွင့်လာတဲ့ထဲက
User StyleSheets ဆိုတဲ့ဖိုလ်ဒါကို ဖွင့်ပါ ..
အထဲမှာ
Custom ဆိုတဲ့ .css ဖိုင်လေးတစ်ဖိုင်ကို တွေ့ရပါလိမ့်မယ် ..

အဲဒီဖိုင်ကိုတွေ့ပြီဆိုရင်
.. အောက်မှာ ပေးထားတဲ့ကုဒ်တွေကို Copy ကူးယူလိုက်ပါ ..
* ,
html, body, div, p{font-family:Zawgyi-One !important;}
အဲဒီကုဒ်တွေကို
ကော်ပီကူးယူပြီးပြီဆိုရင် .. အစောပိုင်းကတွေ့တဲ့ Custom ဆိုတဲ့ .css ဖိုင်ပေါ်မှာ Right
Click နှိပ်ပြီး ပွင့်လာတဲ့ထဲက Edit ကိုနှိပ်လိုက်ပါ ..


ဘာမှမပါတဲ့
notepad စာမျက်နှာတစ်ခု ပွင့်လာပါမယ် ..
အဲဒီ ထဲမှာ
အစောပိုင်းက ကော်ပီကူးယူလာတဲ့ ကုဒ်တွေကို Paste လုပ်လိုက်ပါ ..

ပြီးရင် ညာဖက်အပေါ်ဒေါင့်နားက
ကြက်ခြေခပ်ပုံလေးကိုနှိပ်ပြီး အဲဒီ .css ဖိုင်ကို ပိတ်လိုက်ပါ ..
သိမ်းမှာလားလို့
မေးတဲ့ Box လေး တက်လာရင် .. Save ကို နှိပ်ပေးလိုက်ပါ ..

ကဲ .. သူငယ်ချင်းတို့ရဲ့ Google Chrome ဘရောက်ဇာကို ဖွင့်ပြီး ကြိုက်တဲ့နေရာမှာ
မြန်မာစာလုံးတွေကို ရိုက်ထည့်ကြည့်ပါ .. အဆင်ပြေသွားတာကို တွေ့ရပါလိမ့်မယ် .. ( တခြား
.. ဘာ Settings မှ လုပ်စရာမလိုတဲ့နည်းပါ )

ဒါမှအဆင်မပြေသေးဘူးဆိုရင်တော့
.. ဘရောက်ဇာထဲမှာရှိတဲ့ Option ကနေ ၀င်ပြီးပြင်ပေးလိုက်ပါဦး ..
Chrome
Browser ရဲ့ ညာဖက်အပေါ်ဒေါင့်နားက ဂွပုံ လေးကိုနှိပ်ပြီး ကျလာတဲ့ထဲက Options ကိုနှိပ်ပါ
..


ပွင့်လာတဲ့ထဲမှာ
.. အောက်ကပုံအတိုင်းဖြစ်အောင် ပြင်ပေးလိုက်ပါ ...

ပွင့်လာတဲ့ထဲမှာ
.. အောက်ကပုံအတိုင်းဖြစ်အောင် ပြင်ပေးလိုက်ပါ ...

ဒါဆိုရင်တော့
အဆင်ပြေသွားပါပြီ ..
Source : အိုင်တီမုဆိုး
Source : အိုင်တီမုဆိုး