Google Chrome ကို ဖွင့်ထားပြီး အောက်ကပုံအတိုင်း ညာဘက်အပေါ်ထောင့်က Customize And Control Google Chrome နေရာကိုနှိပ်ပြီး အောက်ကပုံအတိုင်း အဆင့်ဆင့်လုပ်ပေးသွားပါ..။

Chrome ရဲ့ Extensions ထဲကို ရောက်တဲ့အခါ အောက်ကပုံမျိုး IDM အရောင်မှိန်နေရင်
Enable မှာ အမှန်ခြစ်ပေးပါ..။
Enable မှာ အမှန်ခြစ်ပေးပါ..။

အပေါ်ပုံအတိုင်း အမှန်ခြစ်လေးတွေ ထည့်ပေးလိုက်ရင် Chrome မှာ IDM အလုပ်လုပ်ပါပြီ..။
တကယ်လို့ အောက်ကပုံအတိုင်း IDM Extension ကို ဖျက်ပစ်မိလိုက်ရင်တော့
(IDM ပုံမပေါ်တဲ့အခါမှာ) အောက်ဆုံးပုံတွေအတိုင်း ဆက်လုပ်ပေးလိုက်ပါ..။

အပေါ်ကပုံမှာ မလိုချင်တဲ့ Toolbar တွေကို Chrome ရဲ့ Extensions ထဲမှာ ဝင်ဖျက်တတ်အောင်လို့ ပြပေးထားတာပါ..။ အောက်ကပုံမှာတော့ Chrome ရဲ့ Extension ထဲမှာ IDM မရှိတော့တဲ့အတွက်
IDM အလုပ်မလုပ်တော့တဲ့အခါမှာ အောက်ကပုံအတိုင်း IDM ကို Install ထည့်ထားတဲ့ ဖိုဒါထဲကနေ
သူ့ရဲ့ ဖိုင်လေးကို သွားယူပြီး Chrome Extension ထဲမှာ ဒရော့ ဆွဲထည့်ပေးရပါမယ်..။ အောက်မှာ ဆက်ကြည့်ပါဗျာ..။

အပေါ်ပုံအတိုင်း IDM ရဲ့ ဖိုဒါထဲက "IDMGCExt.crx" ဖိုင်လေးကို တွေ့အောင်ရှာပါ..။
ရှာလို့တွေ့တဲ့အခါ အောက်ကပုံအတိုင်း အဲ့ဒီဖိုင်လေးကို မောက်စ်မျှားနဲ့ ဖိဆွဲပြီး
Chrome Extensions ဖိုဒါပေါ်ကို ပစ်ထည့်လိုက်ပါ..။

အောက်ကပုံအတိုင်း ပေါ်လာရင် Add နဲ့ OK ပေးလိုက်ပါ..။

ဒါဆိုရင် Google Chrome မှာ IDM အလုပ်လုပ်ပါပြီ..။ ဒါပေမယ့် Chrome ရဲ့ Extension ထဲမှာတော့
IDM ပုံလေး ပေါ်မှာ မဟုတ်တော့ပါဘူး..။ နောက်ပြီး အောက်ကပုံအတိုင်း IDM ကိုဖွင့်ပါ..။
သူ့ရဲ့ Menu ဘားတန်းက Option ကနေ ဝင်ပြီး ကျနော်တို့ အမြဲသုံးတဲ့ Browser တွေကိုပဲ အမှန်ခြစ်ပေးထားပါ..။ ကျနော်တို့ မသုံးတဲ့ Browser တွေကို အောက်ကပုံအတိုင်း အမှန်ခြစ်လေးတွေ ဖြုတ်ထားလိုက်ပါတယ်..။ ဒါဆိုရင် IDM အလုပ်လုပ်တာ ပိုမြန်လာပါလိမ့်မယ်..။

အောက်ကပုံကတော့ Google Chrome နဲ့ IDM ကို ပြန်စမ်းကြည့်တဲ့အခါမှာ တကယ်အလုပ်လုပ်တာ တွေ့ရပါပြီ..။

ဒီလောက်ဆိုရင်တော့ အားလုံးပဲ Chrome နဲ့ IDM ကို အလုပ်လုပ်အောင် လုပ်တတ်သွားပါပြီ..။
Source : http://lwinminbo.blogspot.com